Talk:Myoza (royal title)

Page contents not supported in other languages.
From Wikipedia, the free encyclopedia

Source in Burmese[edit]

မြို့စား၊ မြို့ဝန်၊ ဘုရင်ခံ/စော်ဘွား

ရာဇဝင် နောက်ခံ ဝတ္ထုတွေထဲမှာ ပါကြတဲ့ မြို့စားကြီး ( Duke ) ၊ မြို့ဝန်မင်း ( Mayor or Governor) နဲ့ ဘုရင်ခံ ( Governor. or Viceroy) စတာတွေကို တချို့တွေမှာ ရေးတဲ့သူဘက်ကလည်း သေချာ နားလည်အောင် ရေးမပြတတ်ရင် သည်ဘက်ခေတ် လူငယ်တွေ တချို့ ထိုအသုံးအနှုံးတွေ အပေါ် နားမလည်​ကြတာ များတယ် ။ ကနေ့တော့ အနှီ အခေါ်အဝေါ်လေးတွေ တချို့ကို ကျနော့်စာဖတ်သူတွေ ဗဟုသုတ ရစေဖို့ရော အပျင်းပြေ ရသ စာတခုအနေနဲ့ပါ တင်ပြလိုက်ပါတယ်...

ပထမဦးစွာ Duke ခေါ် မြို့စား ဆိုတဲ့ အခေါ်အဝေါ် အကြောင်း ပြောရင် ပိုနားရှင်းမယ်လို့ ထင်မိတယ် ။ ပဒေသရာဇ်စနစ်မှာ မင်းစိုးရာဇာ အသိုင်းအဝိုင်းရဲ့ ပင်မ ကျောရိုးဟာ မြို့စား စနစ်ပါ ။ နားလည်အောင် ပုံဖော်ပြရရင် တိုင်းပြည် တပြည်ရဲ့ အကြီးဆုံး မြို့စားဟာ ရှင်ဘုရင်ပါပဲ ။ ဒါဆို သူက ဘယ်လိုမြို့ကို စားရတာလည်း လို့ မေးလာရင် သူစားရတဲ့ မြို့ဟာ တတိုင်းပြည်လုံးကို ထိန်းချုပ်ထားနိုင်တဲ့ မင်းနေပြည်တော်ပါပဲ ။ သူ့အောက်ကမှ အဆင့်ဆင့်သော မင်းညီမင်းသား မှူးကြီး မတ်ရာ တို့ဟာ နယ်ပယ်ကြီး တခုခုကို ကိုယ်စားပြုရတဲ့ မြို့ကြီးတွေကို စားရတယ် ။ တခါ ရာထူး ကြီးစဥ် ငယ်လိုက် အတိုင်းပဲ ပိုပိုသေးတဲ့ မြို့လေးတွေကို စားကြရတယ် ။ ရာထူးအငယ်တန်း နဲ့ မထင်ရှားတဲ့ မင်းဆွေမင်းမျိုး တို့ ငယ်ရွယ်သေးတဲ့ သားတော် သမီးတော်တွေကျတော့ ရွာအဆင့်လောက်ကို စားကြရတယ် ။ ဒါတောင် ရွာ အကြီးအသေး သဘောတော့ ကွာခြားကြသေးတယ် ။ Duke. Marquess . Earl. Count စသဖြင့် မြို့စားကိုမှ တခါ ကိုယ်စားရတဲ့ မြို့ရဲ့ နယ်ပယ် အကြီးအသေး အလိုက် အဂ်လိပ် မှာတော့ အခေါ်အဝေါ်လေးတွေ ထပ်ကွဲပါသေးတယ် ။ မြန်မာပုံစံ အရဆိုရင်တော့ မြို့စားကြီး သာမန်မြို့စား နဲ့ တိုက်စား ရွာစား စတဲ့ နီးစပ်တဲ့ အခေါ်အဝေါ် မျိုးတွေပါပဲ...

ဒါ့ကြောင့် ရှေးခေတ်က ရှင်ဘုရင်ကစလို့ မင်းညီမင်းသား နဲ့ မှူးမတ်တွေဟာ သူတို့ ရာထူးဂုဏ်ရှိန်နဲ့ အညီ စားရတဲ့ မြို့ဟာဘယ်လောက်ပဲ ကြီးကျယ် ခမ်းနားပါစေ ၊ ကျရှုံးခန်း ဆိုရင်တော့ အောင်နိုင်သူ ရှေ့မှာ ၎င်း စားရတဲ့ မြို့နာမည် နဲ့ပဲ ခပ်နှိမ်နှိမ်လေး အပြောခံ အခေါ်ခံကြရတယ် ။ ဥပမာ တခုက အယုဒ္ဓယပြည့်ရှင် မဟာချက္ကရဖတ် ခေါ် ဘုရင် ဗြဿဓိရာဇာ ဟာ တပင်ရွှေထီး နဲ့ တိုက်တဲ့ စစ်မှာ အရေးမလှတော့ အညံခံတဲ့ အချိန်မှာ သူ့ဘက်က စာကို အရင်အောက်နှိမ့်ချ ပြီးမှ ခုလို ရေးတယ် ။ ဘုရာ့ကျွန်တော်မျိုး ဒွါရာဝတီ မြို့စား ဗြဿဓိရာဇာသည် ကနေ အစချီပြီး စစ်ကို ကျေအေးဖို့ စကားဆိုတာကို တွေ့ရပါတယ် ။ ဒွါရာဝတီ ဆိုတာ အယုဒ္ဓယ ဒေသကြီးတခုလုံးရဲ့ ရှေးကျတဲ့ အခေါ်တခုမို့ ၊ ​ ဒွါရာဝတီ ပြည့်ရှင်လို့ မရေးတော့ပဲ မြို့စားလို့ပဲ နှိမ့်ချပြီး သုံးနှုံးလိုက်တာကို တွေ့ရပါတယ် ။ အဂ်လိပ်လို ဆိုရင်တော့ King ကနေ Duke ဆိုတဲ့ မြို့စားသဘောကို ပြောင်းသုံးလိုက်တဲ့ သဘောပါ ။ နောက်တခုက ကုန်းဘောင်ခေတ်မှာ ဘကြီးတော် စစ်ကိုင်းမင်း ကို ပုန်ကန်ဖို့ ညီဖြစ်သူ သာယာဝတီမင်းဟာ အင်းဝက​နေ ရွှေဘိုကို ထွက်သွားတဲ့ အခါ ၊ အဝနန်းတွင်းလွှတ်တော်က မြဝတီမင်းကြီး ဦးစတို့က စာထုတ်ပါတယ် ။ သာယာဝတီစား ငခင်ငယ် ဆိုတဲ့ အခေါ်အဝေါ်နဲ့ ရေးသားတာပါ ။ ဒါကို ကြည့်ရင်လည်း စစ်ရှုံးလို့ဖြစ်စေ သူပုန်ဖြစ်စေ အပြစ်သားဘဝ ရောက်သွားရင်ပဲ ဖြစ်ဖြစ်ပါ ၊ မူလစားကျေးမြို့ရွာရဲ့ အဆောင်အယောင် ဂုဏ်ပုဒ်ကို လျှော့ချပြီး ခေါ်ဝေါ်ကြ အခေါ်ခံ ကြရတယ် ဆိုတာ မှတ်သားစရာပါ ။ ရာဇာ့ဓိရာဇ် အရေးတော်ပုံထဲက ဦးရီးတော် မြောင်းမြစား လောက်ဖျားရဲ့ ပုန်ကန်မှု ဆိုတာကို အားလုံး သိကြပါလိမ့်မယ် ။ အနှီ လောက်ဖျားသည်လည်း တကယ်က မြောင်းမြ တမြို့တည်း ပိုင်တဲ့ Duke ခေါ် အုပ်ချုပ်တဲ့ ​မြို့စား အဆင့်တင် မကပါ ။ ယခုခေတ်လို ဧရာဝတီတိုင်း တတိုင်းလုံး နီးနီးကို သူ့သြဇာအောက် သွင်းထားပြီး မင်းမူစိုးမိုးနေတဲ့ လောက်ဖျားမင်း လို့ ခေါ်ကြတဲ့ Small kingdom ရဲ့ ဘုရင်ငယ် တပါးပါပဲ ။ အဂ်လိပ်လို ဆိုရင်တော့ မူလ ဘုရင်ဧကရာဇ် လက်​အောက်ကနေ ခွဲထွက်ပြီး မင်းမူတာကို self proclaimed king လို့ ခေါ်ပါလိမ့်မယ် ။ ဒါပေမယ့် တူတော် ဗညားနွဲ့ ခေါ် ရာဇာဓိရာဇ် နဲ့ တိုက်တဲ့ပွဲမှာ သူရှုံးသွားပြီး အဖမ်းခံရတော့ ၊ ပုန်ကန်သူ အပြစ်သားမို့ မြောင်းမြစား လောက်ဖျားငယ် အဖြစ်ကို ရောက်သွားရတာပါ ။ ရှေးခေတ်က လေ့လာ​ မှတ်သားကြည့်သင့်သော အခေါ်အဝေါ် များပါ ။ မြို့ဝန်ကျတော့ အဲ့လိုသဘော မဟုတ်ပြန်ဘူး ။ မြို့ဝန်ဆိုတဲ့ အတိုင်း မြို့တမြို့ကို ရှင်ဘုရင့်ကိုယ်စား တာဝန်ခံ တာဝန်ယူပြီး အုပ်ချုပ်ရလို့ မြို့ဝန်လို့ ခေါ်တယ် ။ မြန်မာဘုရင်တွေ ခေတ်မှာ နာမည်ရှိတဲ့ မြို့ကြီးတွေ နဲ့ အတိတ်တချိန်က. မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြို့ကြီးတွေကို မြို့ဝန် ခန့်လေ့ရှိတယ် ။ ဥပမာ ပြောရရင် ကုန်းဘောင်ခေတ်မှာ မင်းနေပြည်တော်အနေနဲ့ အသုံးမပြုတော့ပေမယ့် အတိတ်ခေတ်တွေက. မင်းနေပြည် ဖြစ်ခဲ့ဖူးတဲ့ တောင်ငူ ပြည် ပဲခူး နဲ့ ပုဂံ စတဲ့ မြို့တွေဆိုရင် များသောအားဖြင့် Mayor အဆင့် မြို့ဝန် သီးသန့် ခန့်ထားပြီး အုပ်ချုပ်စေလေ့ ရှိတယ် ။ အဲ့သလို ရှေး မင်းနေပြည်ဟောင်းတွေကိုကျ မိဖုရားကြီးတို့ ညီတော် သားတော် စတာတွေကို မြို့စားသဘော ပေးပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ ဝင်စွက်ဖွက်လို့ မရတဲ့ ဂုဏ်​ရှိရုံ ဟန်ပြသဘော မြို့စား အမည်ခံလောက်ပဲ ဖြစ်ပြီး တကယ့် လက်တွေ့ အာဏာရှိသူတွေကတော့ ဘုရင် လွှဲအပ်ခံထားရတဲ့ မြို့ဝန်တွေပါပဲ ။ ဒါတောင် မင်းနေပြည် မဟုတ်ချိန် မတည်ချိန်ဆိုရင် ဟံသာဝတီ လို့ ခေါ်တဲ့ ပဲခူးကို ဟန်ပြသဘောလောက်တောင် မြို့စားရာထူး ဘယ်သူ့ကိုမှ မပေးပါ ။ ဘုရင်တိုက်ရိုက်ခန့်တဲ့ Governor သဘော မြို့ဝန်အကြီး ကသာ အုပ်ချုပ်ရပြီး အခွန်အခကစလို့ အကုန် ဘုရင့်ဆီသာ ရောက်ရတာပါ ။

မြို့သူကြီး နဲ့ တိုက်သူကြီး ဆိုတာကတော့ တိုက်နယ် အဆင့်လောက် ​မြို့ငယ်လေးတွေကို အုပ်ချုပ်ရတဲ့ သူတွေပါ ။ မြို့ဝန်နဲ့တော့ သဘောသဘာဝချင်း သိပ်မကွာလှဘူးပေါ့ ။ ရွာသူကြီး ဆိုတာလည်း ဒီသဘောမျှသာပါပဲ ။ ဒါပေမယ့် နယ်ပယ် ဒေသ အတော်များများက ရွာသူကြီးတွေတောင် နောက်ပိုင်းမှာ အဖ အရိုက်အရာ သား ဆက်ခံ ဆိုတဲ့သဘော အခြေခံ ပဒေသရာဇ် ယူနစ်အသေးစားလေး ဆန်ဆန် ဖြစ်လာတာကို တွေ့မြင်ကြရမှာပါ ။ နောက်ပြီး မြို့ဝန် ထဲမှာတောင် တာဝန်ယူရတဲ့ မြို့ အကြီးအသေး နဲ့ အရေးပါမှု မပါမှုတွေ အပေါ် မူတည်ပြီး အခွင့်အရေးနဲ့ ခံစားခွင့် အဆောင်အယောင်က ကွာပါသေးတယ် ။ မြို့သူကြီး တိုက်သူကြီး နဲ့ ရွာသူကြီး တို့တွေမှာလည်း အခေါ်အဝေါ် အကြမ်းအားဖြင့် တူပေမယ့် ဒေသအလိုက် အခွင့်အရေး နဲ့ အဆောင်အယောင် ရရှိမှု ကွာခြားပါသေးတယ် ။ အဲ့သည်မှာ ထူးခြားတာက. မြို့ဝန် နဲ့ မြို့စားကြားမှာ အမှတ်မှား ရောထွေးစေတာက စားရတဲ့ မြို့က တမြို့နဲ့ တာဝန်ယူ အုပ်ချုပ်ရတဲ့ မြို့က တမြို့ ဆိုပြီး သီးသန့်စီ ရှိတာမို့ ​မြန်မာ့ သမိုင်း ဗဟုသုတ အားနည်းကြတဲ့ သူတွေကျရင် ရှုပ်ထွေးစရာ ဖြစ်ကုန်တတ်ပါတယ် ။ ဥပမာ ပြောရရင် လက်ထက်တော်ကလေး လို့ ခေါ်ကြတဲ့ သီပေါရှင်ဘုရင်လက်ထက်မှာ ရွှေမြို့တော်ဝန် ရွှေလှံဗိုလ် ဦးချက် ဆိုတာ ရှိခဲ့ပါတယ် ။ သူ့မူလ ရာထူးက. ရွှေလှံတပ်ရဲ့ ဗိုလ်မင်းပါ ၊ အဲ့သည်ကနေမှ ချီးမြှောက်ခံရတော့ ရွှေမြို့တော်ဝန် ဖြစ်လာပါတယ် ။ မင်းနေပြည်တော် မန္တလေးမှာ မြို့ဝန်လေးပါး Mayors အဖြစ် ခန့်တဲ့အထဲ သူတယောက် အပါအဝင်ပါ ။ ဒါပေမယ့် သူ့အခွင့်အရေးအရ. သူစားရတဲ့ မြို့ကတော့ ကောလင်းမြို့လေးပါ ။ ဒါ့ကြောင့် ရွှေမြို့တော်ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စား ဦးချက်ရယ်လို့ ခေါ်ဝေါ်ရေးသားကြပါတယ် ။ အတိုကောက် ခေါ်ရင်းနဲ့ကနေ ရွှေလှံမြို့ဝန် ဆိုပြီး ဖြစ်လာတာပါ ။ ရွှေလှံဆိုတာ မြို့ မဟုတ်ပဲ အစုအဖွဲ့ ရာထူးတခုပါ ။

( ဖြည့်စွက် - တခုသိရမှာက တာဝန်ယူ အုပ်ချုပ်ရတဲ့ နယ်ပယ်နဲ့ မြို့က အခွန်အခတွေကို ဘုရင့်ဆီ အကုန်ဆက်သွင်းရပြီး ၊ ကိုယ်ပိုင်စားကျေးရတဲ့ မြို့ရွာ တို့က အခွန်အခကိုတော့ သတ်မှတ် အချိုးအစားအတိုင်း ဆိုင်ရာ ဝန်မင်းတို့ဟာ ရရှိခံစားရတာပါ ။ မင်းမိဖုရားနဲ့ မင်းညီမင်းသား မင်းသမီး အပျိုတော်တွေဟာလည်း မြို့စားရွာစား အခွင့်အရေးမှာ အားလုံး ထိုစနစ် အောက်ကအတိုင်းပါပဲ ။ မင်းတုန်းရှင်ဘုရင်လက်ထက်မှာတော့ သာမန်မင်းမှုထမ်းအဆင့်လောက်ကို မြို့စား ရွာစား ပေးတဲ့ စနစ် ပယ်ဖျက်ပြီးရတနာပုံ စက်ရုံထုတ် ​ဒေါင်းဒဂ်ါးတွေ ချီးမြှင့်လို့ ဝန်ထမ်း လစာပေးတဲ့ စနစ် စတင်ကျင့်သုံးပါသတဲ့ ။ ) ဒါ့ကြောင့် အဝေး မြို့ဝန်တွေပဲ ဖြစ်ဖြစ် မြို့ဝန်နဲ့ သဘောခပ်ဆင်ဆင် နေပြည်တော်က. ဝန်ကြီးလေးပါး တို့ အဲ့သည်​အောက်က ဝန်ထောက် နဲ့ အတွင်းဝန်တို့ ဝန်စုမှူးစုတို့ ဆိုရင်လည်း တာဝန်ယူတဲ့ ရာထူးက. သီးသန့် နဲ့ အဆောင်အယောင်အနေနဲ့ ရရှိခံစားရတဲ့ မြို့စားရွာစား အခွင့်အရေးက. သီးသန့်မို့ ၊ ထိုခေတ် တာဝန်နဲ့ ရပိုင်ခွင့်တို့ဟာ ဆင်သလိုလို နဲ့ ကွဲ​ပြားပါတယ် ။ သီပေါမင်းတရားလက်ထက်မှာ မလွန် မင်းလှ သရက် စတဲ့ အောက်မြစ်စဥ်ကြောင်းကို Governor သဘော မြို့ဝန်အနေနဲ့ တာဝန်ယူရတဲ့ မင်းကြီး သူရမဟာမင်းခေါင်သမိန်ဗရမ်း ခေါ် မင်းလက်ဝါးကြီး ဆိုရင်လည်း ဘုရင်ခံ လောက်နီးပါး အဆောင်အယောင်နဲ့အတူ မကွေးနယ်က အထက်မင်းလှမြို့မှာ မြို့ဝန်ကြီး အနေနဲ့ ရုံးထိုင်ရတာပါ ။ တကယ်စားရတဲ့ စားကျေးမြို့ကတော့ ယနေ့ခေတ် မုံရွာခရိုင် ချောင်းဦးနယ်ထဲက အမြင့်မြို့ဟောင်းပါ ။ မကွေးတိုင်းထဲက မင်းလှမြို့ကိုကျ စားရတာ မဟုတ်ပဲ ယနေ့ခေတ်လိုဆို posting ကျတဲ့သဘော တာဝန်သွား ထမ်းဆောင်ရတာပါ ။ သူ စားရတဲ့ အမြင့်မြို့မှာပဲ ရုံးထိုင်ပြီး တာဝန်ထမ်းဆောင်ချင်ပါတယ် လို့လည်း သွားလုပ်လို့ မရပါ ။ ဒါ့ကြောင့် အမြင့်မြို့စား အောက်မြစ်စဥ် ခုနစ်ခရိုင်မင်းကြီး မင်းလက်ဝါးလို့ ခေါ်ကြတာပါ ။ မင်းလှကို စားရတာ မဟုတ်သလို သူအပိုင်ရတဲ့ အမြင့်မြို့မှာ သွားနေထိုင်ရတာလည်း မဟုတ်တာကို သတိပြုရမှာပါ ။

တခြား ဥပမာတွေ ပေးရရင် - နာမည်ကျော် ဝက်မစွပ်ဝန်ထောက် ဦးလတ်ဆိုရင် အခုခေတ် လူငယ်အများစု အဖို့ စ ကြားကြား ချင်း ဘာနာမည်လဲ ဆိုပြီး ပျက်ရယ်ပြုချင် ပြုကြပါလိမ့်မယ် ။ တကယ်က သူစားရတဲ့ မြို့က ဝက်မစွပ်မြို့ ဖြစ်ပြီး နေပြည်တော်မှာ တာဝန်ယူရတဲ့ ရာထူးကတော့ လွှတ်တော်က ဝန်ထောက်ရာထူးပါ ။ ဒါ့ကြောင့်မို့ စားရတဲ့ စားကျေး မြို့ရွာ နာမည် နဲ့ ယူရတဲ့ တာဝန် သို့မဟုတ် ရာထူးနဲ့ ပေါင်းစပ်ပြီး ခေါ်ဝေါ်တော့ ဝက်မစွပ်ဝန်ထောက်တော် ရယ်လို့ ခေါ်ကြတာပါ ။ ဦးလတ် ဆိုတာကိုတော့ မဖြစ်မနေကျမှပဲ ထည့်ခေါ်ပါတယ် ။ နန်းဓလေ့အရ. ဘုရင် မိဖုရားခေါင်ကြီးက စလို့ မင်းသား မင်းသမီးတွေ နဲ့ မှူးကြီး မတ်ကြီးတို့ရဲ့ ငယ်နာမည်ကို အကြောင်းမဲ့ ခေါ်ခွင့် မရှိပါ ။ ဆိုင်ရာ ရာထူးဂုဏ်ပုဒ်ကိုသာ ခေါ်ဝေါ်ကြရပါတယ် ။ မိုးတားဝန်ထောက် ဦးပုလေး ၊ မိုင်းခိုင်အတွင်းဝန် ဦးယံ စတဲ့ နာမည်တွေ ဆိုရင်လည်း စားရတဲ့ မြို့ရွာ ဂုဏ်ပုဒ်နဲ့ ယူရတဲ့ ရာထူးတာဝန်တို့ကို တွဲဖက်ခေါ်ဝေါ်ကြောင်း သိသာ မြင်သာမှာပါ ။

ဘုရင်ခံကျတော့ သဘောသဘာဝက နည်းနည်း ပိုရှုပ်သွားတယ်လို့ ပြောရမယ် ။ နားရှင်းအောင် ပြောရမယ်ဆိုရင် မြို့စားအကြီးစား နှင့် တူသော ဘုရင်ခံ နဲ့ မြို့ဝန်အကြီးစားနှင့် တူသော ဘုရင်ခံ ဆိုပြီး မြန်မာ ရာဇဝင်ထဲမှာကိုပဲ နှစ်မျိုးခွဲ လေ့လာလို့ ရနိုင်ပါမယ် ။ အဂ်လိပ်လိုမှာလည်း Viceroy နဲ့ Governor ဆိုပြီး ဘုရင်ခံ အခေါ်အဝေါ်ကို နှစ်မျိုးခွဲ ပြဆိုထားပါတယ် ။ မြန်မာတွေ ဓလေ့နဲ့လည်း ထိုအခေါ်အဝေါ် နှစ်ရပ်စလုံးဟာ အံဝင်ခွင်ကျ အကျုံးဝင်ပါတယ် ။

ဒါကိုလည်း နားရှင်းအောင် ဥပမာပြရရင် မြန်မာနိုင်ငံကို စစ်ကြေငြာပြီး ကျူးကျော်စစ် သုံးကြိမ်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ အိန္ဒိယ ဘုရင်ခံချုပ်များ ဖြစ်ကြတဲ့ လော့ဒ်အန်းဟတ်တို့ လော့ဒ်ဒါလဟိုဇီတို့ လော့ဒ်ဒပ်ဖရင်တို့ဟာ Governor သဘော ဘုရင်ခံချုပ်တွေပါ ။ တိုက်ရိုက်လည်း Governor General ခေါ်တဲ့ ဘုရင်ခံချုပ်ဆိုတဲ့ သဘောသဘာဝပါပဲ ။ မြန်မာပြည်ကို အုပ်ချုပ်သွားတဲ့ ဘုရင်ခံ အဆက်ဆက် တာဝန်ယူစဥ် နေသွားခဲ့တဲ့ အိမ်ကို ဘုရင်ခံအိမ်တော် Governor House လို့ ခေါ်တာလည်း ဒီသဘောပါပဲ ။ အဲ့သလို Governor လို မျိုးကို မြန်မာလိုကျ မြို့ဝန် အကြီးစားလို သတ်မှတ်ပါလိမ့်မယ် ။ ခပ်ဆင်ဆင် ဥပမာ ပေးရရင် မြန်မာမြို့ဝန်တွေထဲမှာ အိန္ဒိယဘုရင်ခံချုပ်လို စေတလုံးရှင်နီးပါး အခွင့်အာဏာရှိတဲ့ မြို့ဝန်အကြီးစားတွေကို ပြပါဆိုရင် ဟံသာဝတီ ၃၂ မြို့ဝန်တို့ ပုသိမ် ၃၂ မြို့ဝန်တို့ မုတ္တမ ၃၂မြို့ရဲ့ မြို့ဝန်တို့လို ပုဂ္ဂိုလ်မျိုးတွေပါပဲ ။ တာဝန်ယူရတဲ့ မြို့တခုတည်း မဟုတ်ပဲ အဲ့သည်မြို့အောက်က. ကျယ်ပြောလှတဲ့ နယ်ပယ်ကြီး တခုလုံးကိုပါ သိမ်းကျူံး တာဝန်ယူ အုပ်ချုပ်ရတဲ့ မြို့ဝန် အကြီးစားကြီးတွေ ဆိုတာကလည်း ဘုရင်ခံ သဘောပါပဲ ။ မြန်မာမှာတော့ အနှီ မြို့ဝန်မင်းတွေကို Governor ခေါ်တဲ့ ဘုရင်ခံ အဆောင်အယောင်လောက် နီးနီး ချီးမြှင့်ပေမယ့် တကယ့် ဘုရင်ခံလို့တော့ တရားဝင် သတ်မှတ်တာ ရှားပါတယ် ။

နောက်တမျိုး Viceroy လို့ ခေါ်တဲ့ ဘုရင်ခံ ရာထူး တမျိုးလည်း မြန်မာမှာ ရှိပါသေးတယ် ။ အဲ့သလို ဘုရင်ခံတွေကျ မြို့စားအကြီးစားမျိုး နဲ့ ပုံစံသွားဆင်တူပါတယ် ။ ဒါမျိုး ရာထူးကိုတော့ မြန်မာဘုရင်တွေဟာ များသောအားဖြင့် ၎င်းတို့ရဲ့ ညီတော် သားတော်တွေကိုသာ ချီးမြှင်လေ့ ရှိပါတယ် ။ ထို Viceroy ကဲ့သို့သော ဘုရင်ခံ ရာထူးတွေကျ ဒေသကြီး တခုလုံးကို တာဝန်ယူရတာအပြင် ထို​ဒေသကြီးကိုပဲ အပိုင်စားရတဲ့ သဘောကိုပါ ဆောင်ပါတယ် ။ မြို့စားအကြီးစား တနည်း ပဒေသရာဇ် မင်းငယ်သဘောမျိုး ဖြစ်ပါတယ် ။ တကယ့် မြန်မာနန်းတွင်း အခေါ်အဝေါ်မှာတော့ နယ်စား လို့ သုံးတာ ရှားပါတယ် ။ ရှမ်းနယ်တွေမှာဆို ထို ပဒေသရာဇ် မင်းငယ်တွေကို စော်ဘွား လို့ခေါ်ပြီး မြန်မာဘုရင် တိုက်ရိုက် အုပ်ချုပ်တဲ့ နယ်မြေတွေမှာတော့ ဘုရင်ခံ စသဖြင့်သာ သုံးနှုံးကြပါတယ် ။ တချို့ ဇာတ်သဘင်သုံးတွေ နဲ့ ဝတ္ထုတွေမှာသာ နယ်စားမင်းက ဘယ်လို နယ်စားမျိုးရိုးက ဘယ်ညာ ဆိုပြီး သုံးတာ တွေ့ရပါတယ် ။ မြန်မာဘုရင်တွေက Viceroy typeကို တော်ဝင်မျိုးဖြစ် အသိအမှတ်ပြုပါတယ်။

ဥပမာတွေကတော့ ၁၆ရာစု တပင်ရွှေထီး နဲ့ ဘုရင့်နောင်တို့ရဲ့ တောင်ငူဟံသာဝတီခေတ်က ဘုရင်ခံတွေပါပဲ ။ ပြည် တောင်ငူ အင်းဝ. ဇင်းမယ် မုတ္တမ စတဲ့ တချိန်က ဘုရင်နန်းဆက်တွေ ဖြစ်ထွနိးခဲ့ဖူးတဲ့ ထိုထို မြို့ကြီးတွေကို စိတ်ချရတဲ့ ညီတော် သားတော် တူတော်တွေကိုပဲ စားစေပါတယ် ။ သူတို့ကျ ကုန်းဘောင်ခေတ် မြို့စားတွေလို နာမည်ခံ သဘော စားရတာမျိုး မဟုတ်ပဲ ကိုယ် ခံစားရတဲ့ အဆောင်အယောင် လူသူ အင်အား အပြည့်နဲ့ ထိုစားရတဲ့ နယ်ပယ်တွေရဲ့ မြို့တော် အသီးသီးကို အပြီးသွားနေတဲ့ သဘော နေကြရပြီး နန်းထိုင်ရတဲ့ သဘောပါ ။ အကြီးဆုံး ဇနီးမယားကိုလည်း မိဖုရား ရယ်လို့ တပ်ခေါ်ဝေါ်ခွင့်လည်း ရှိပါတယ် ။ ဥပမာ အင်းဝကို ရပြီးတဲ့နောက် ဘုရင့်နောင်ဟာ သူ့ညီတော်အငယ်ကို သတိုးမင်းစော ဘွဲ့နဲ့ အင်းဝကို ဘုရင်ခံ အဆောင်အ​ယောင်နဲ့ စားစေပါတယ် ။ ဒါတင်မက သမီးတော်ကြီးနဲ့ပါ ပေးစားပြီး အင်းဝမိဖုရားလို့ ခေါ်ဝေါ်စေပါတယ် ။ နောက် ဥပမာကလည်း ဘုရင့်နောင်ဟာ သူ့သားတော် နော်ရထာစောကို ဇင်းမယ်ကို ဘုရင်ခံ ရာထူးနဲ့ စားစေပါတယ် ။ တူမတော် ဆင်ဖြူရှင်မယ်တော် နဲ့ စုံဖက်စေလို့ ဇင်းမယ်မိဖုရားလို့ ခေါ်တွင်စေပါတယ် ။ သူတို့လိုမျိုး ဘုရင်ခံ ရာထူးတွေကျ မြို့ဝန်မင်း(Governor)လို တာဝန်ခံ အုပ်ချုပ်ရတာထက် တဆင့်ပိုတဲ့ ပြည်ထောင်မင်းသဘော ဆန်ဆန်ပါ။ နယ်မြေ အပိုင်စား ရယူ နန်းတက်ပြီး ပလ္လင်ပေါ်ထိုင်ကာ အုပ်ချုပ်ရတဲ့ သဘောမို့ Viceroy type ဘုရင်ခံတွေက ပိုမြင့်တယ်လို့ ပြောလို့ ရပါမယ် ။ သူတို့ခေတ်က Viceroy to Prome ဆိုရင် ပြည်ဘုရင်ခံ တနည်း ပြည်မြို့စားကြီး လို့ ပြောလို့ရပါတယ် ။

ရှင်းအောင် ထပ်ပြောရရင် ဘုရင်ခံ ဆိုတဲ့ အ​ခေါ်အဝေါ် မှာ ကိုပဲ Viceroy ဆိုတာက " မင်း " ၊ Governor ဆိုတာကို " ဝန် " ဆိုပြီး မှတ်သားလို့ ရပါတယ် ။ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်ဖြစ်တဲ့ မင်းတုန်းရှင်ဘုရင် နဲ့ သီပေါရှင်ဘုရင်တို့ လက်ထက်တော်တွေမှာ ရှမ်းပြည်တခွင်က နိုင်ငံရေး စစ်ရေးတို့ အတွက် သီးခြား တာဝန်ယူရတဲ့ ဘုရင်ခံ အဆင့် မင်းမှုထမ်းတွေကိုလည်း ခန့်ထားလေ့ရှိကြတယ် ။ ရှမ်းပြည် မြောက်ပိုင်းတခွင်အတွက်ဆို မိုးနဲတပ်ရုံး နဲ့ ရှမ်းပြည်တောင်ပိုင်း နဲ့ ကြားခံ နယ်မြေ ကရင်နီနယ်စပ်တို့အတွက်ဆိုရင် မိုးဗြဲတပ်ရုံး ဆိုပြီး မင်းညီမင်းသားတွေထဲက ဖြစ်စေ ၊ စိတ်ချရတဲ့ အမှုထမ်းထဲကဖြစ်စေ သင့်တော်သူတွေကို ဘုရင်ခံ အဆင့်အတန်းထိပေးပြီ အုပ်ချုပ်ကွပ်ကဲစေတယ်လို့ မှတ်သားရဖူးတယ် ။ ထင်ရှားသူတွေကို ပြပါဆိုရင် သီပေါမင်းရဲ့ မယ်တော် လောင်းရှည်မိဖုရားရဲ့ ဖခင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးမင်းသား နဲ့ လက်ထက်တော်ကလေးက. မြင်စိုင်းမြို့စား တောင်တရာ့ငါးဆယ်ဗိုလ် မိုးဗြဲစစ်ကဲတော်ကြီးမင်း ဦးကျော်ခေါင်တို့ပါပဲ ။ အဲ့သည်မှာလည်း တွေ့နိုင်တာက.မင်းတုန်းမင်းတြားရဲ့ ယောက်ခမလည်းတော် ဘထွေးလည်း တော်တဲ့ မိုးနဲဗိုလ်မှူးမင်းသား မောင်မှေးဟာ သူတကယ် အပိုင် စားရတာက ချွန်းတောင်းမြို့ပါ ၊ တာဝန်ကျရာကတော့ မိုးနဲတပ်ရုံးမှာ ဗိုလ်မှူး အနေနဲ့ပါ ။ ထိုခေတ်ကတော့ ဗိုလ်မှူး ဆိုတာ ဗိုလ်ချုပ်ထက် အဆင့်မြင့်တယ်လို့ သိရ ။ မင်းသား မောင်မှေးဟာ ဘုရင့်ဆွေမျိုး အရင်းအချာဖြစ်လို့ ဘုရင်ခံ အဆောင်အယောင် အပြည့်နဲ့ သူ တာဝန်ယူရတဲ့ နယ်ပယ်မှာတော့ ရုံးထိုင် အုပ်ချုပ်ရမှာပါ ။ ဒါ့ကြောင့် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးမင်းသား လို့ ခေါ်ကြတာပါ ။ ဒါပေမယ့် တောင်ငူခေတ်က Viceroy type ဘုရင်ခံတွေလို နန်းပလ္လင်နဲ့ စံရတာ မဟုတ်ပဲ ဝန်သဘော Governor type ဘုရင်ခံပဲ ဖြစ်မယ်လို့ တွေးဆရပါတယ် ။ သီပေါမင်း လက်ထက် သာမန် မင်းမှုထမ်းငယ် ဘဝကနေ လက်သုံးတော်ကြီးကိုင် ထိုမှ အဆင့်ဆင့် ရာထူး တက်လာရတဲ့ မြင်စိုင်းမြို့စား ဦးကျော်ခေါင်သည်လည်းပဲ ထိုနည်းနှင်နှင်ပဲ ဖြစ်ပါလိမ့်မယ် ။ သူအပိုင်စားရတာက မြင်စိုင်းမြို့ နဲ့ တာဝန်ယူရတာကတော့ မိုးဗြဲတပ်နယ်ကြီးရဲ့ စစ်ကဲတော်ကြီး အနေနဲ့ပါ ။ ဒါသည်လည်း Governor type ဘုရင်ခံ သဘော မြို့ဝန် အကြီးစားပဲ ဖြစ်ပါတယ် ။ တောင်ငူခေတ်ကလို Viceroy ဘုရင်ခံတွေထိတော့ နောက်ပိုင်းဘုရင်တွေ မြှောက်စားတာ သိပ်မတွေ့ရတော့ပါ ။

ဒါကြောင့် မြန်မာဘုရင်တွေက ထိုစော်ဘွားမင်း (Viceroy)၊ မြို့ဝန်မင်း(Governor) တို့ကို ပဒေသရာဇ်ငယ်၊ဘုရင်ခံအဖြစ်ရှုမြင်တယ်။ သူတို့ကို သူတို့ကျတော့ ထိုမင်းငယ်တို့၏ အချုပ် ဧကရာဇ်အဖြစ်ခံယူတယ်။ မြန်မာဘုရင်အများအစုရဲ့ ဘွဲ့အမည်နောက်မှာ ရာဇာဓိရာဇာ(အနက်-မင်းတကာတို့ရဲ့မင်း)ဆိုတာပါတယ်။ ချွင်းချက်အနေနဲ့ ကတော့ ကုန်းဘောင်ခေတ်ရဲ့ အတောက်ပဆုံးကာလ. ဘိုးတော်ဘုရား လက်ထက်မှာ ​တောင်ငူဟံသာဝတီ​ ​ခေတ် ကလိုပဲ သားတော်ကြီးတွေကို ပုသိမ် တောင်ငူ ပြည် ပုဂံ စတဲ့ ဒေသ မြို့ကြီးတွေကို သွားပြီး ထီးနန်းအသေးစား ပေးလို့ ဘုရင်ခံ အနေနဲ့ သွားအုပ်ချုပ်စေပါသေးတယ် ။ ပုသိမ်ဘုရင်ခံဆိုရင် သူစားရတဲ့ နယ်ပယ်ထဲမှာ ပုသိမ် ၃၂မြို့စလုံး အကျုံးဝင်တာမို့ ပုသိမ်မင်းသားလို့တောင် မခေါ်ဝေါ်ကြရပဲ သမုဒ္ဒဃောသ ပုသိမ်မင်း လို့ပဲ ခေါ်ဝေါ်ကြရပါသတဲ့ ။ သူ့ရဲ့ အကြီးဆုံး လက်ထပ်မင်းသမီးကို ဆိုရင်လည်း ပုသိမ်မိဖုရားလို့ ခေါ်ကြရပါတယ် ။ တခြား ပြည် တောင်ငူ ပုဂံ စတဲ့ ဒေသက ဘုရင်ခံတွေကိုလည်း မင်း လို့ပဲ ခေါ်ဝေါ်ကြရတာပါ ။ ၁၆ရာစု ဟံသာဝတီ ဘုရင့်နောင်မင်းတရားကြီး လက်ထက်ကလောက်နီးပါးအတိုင်း Viceroy သဘော ဘုရင်ခံ စနစ်နဲ့ သားတော်တွေကို ချီးမြှောက်တာကို တွေ့ရပါတယ် ။ နောက်ပိုင်း ကုန်းဘောင် မင်းတွေ လက်ထက်မှာတော့ အဝေးကနေ ပုန်ကန်မှုတွေ ဖြစ်​ပြီး ထိန်းမနိုင်မှာစိုးလို့ Viceroy ခေါ် " မင်း " အဆင့် ဘုရင်ခံရာထူး ချီးမြှောက်တာ မတွေ့ရတော့ပါ ။ ပိုစိတ်ချရတဲ့ ဝန်ကြီးအဆင့် ဘုရင်ခံ ဆိုတဲ့ အဆောင်အယောင်ပြသဘော Governor အနေနဲ့သာ ခန့်ထား အုပ်ချုပ်စေပါတယ် ။ မင်းတုန်းဘုရင်မင်းမြတ် နတ်ပြည်စံခါနီးဆဲဆဲတော့ ညောင်ရမ်း မက္ခရာ သုံးဆယ် ဆိုတဲ့ သားတော်ကြီး သုံးပါးကိုတော့ တကယ့် Viceroy အဆင့် ဘုရင်ခံ အနေနဲ့ ချီးမြှင့်ခဲ့ပါသေးတယ် ။ သုံးဆယ်မင်းသားကြီးကို ချင်းတွင်းကြောင်း ဘုရင်ခံ ၊ ညောင်ရမ်းမင်းသားကြီးကို အောက်မြစ်စဥ်ကြောင်း ဘုရင်ခံ နဲ့ မက္ခရာမင်းသားကြီးကိုတော့ တောင်တွင်းကြီးကြောင်း ဘုရင်ခံ ဆိုပြီး ရှင်ဘုရင် တိုက်ရိုက် အုပ်ချုပ်တဲ့ ​ ပြည်မနယ်မြေ တွေကို သုံးပိုင်းစီလောက် အညီအညာ ခွဲဝေပေးပြီး သွားရောက်အုပ်ချုပ်ဖို့ အမိန့်တော် ထုတ်ပြန်ခဲ့ပါသေးတယ် ။ ကျန်သားတော် သမီးတော်​တွေကတော့ ကိုယ်စီ နှစ်သက်ရာ မင်းသားကြီးတို့နောက် လိုက်သွားလိုက လိုက်စေလို့ အမိန့်ချပါတယ် ။ ဒါပေမယ့် အများသိကြတဲ့ အတိုင်း ဆင်ဖြူမရှင် မိဖုရားကြီး ဦးဆောင်တဲ့ နန်းတွင်းအရေးတော်ပုံကြီးမှာ ဆိုင်ရာ နယ်ပယ်တွေကို ထွက်မသွားခင်လေးတင် အကုန်ပြန် အဖမ်းခံ​ကြရပြီး များမကြာမီ သီပေါမင်း နန်းတက်တဲ့ အရေးမှာပဲ အကုန်နီးပါး အစီရင်ခံလိုက်ကြရလို့ Viceroy သဘော ထီးဆောင်းမင်းငယ် အဆင့်ရှိ ဘုရင်ခံ စနစ်ဟာလည်း အပြီးတိုင် ချုပ်ငြိမ်းသွားရပါတော့တယ် ။ သာမန် ဘုရင်ခံ Governor သဘောမျှ အုပ်ချုပ်ရတဲ့ မိုးနဲ မိုးဗြဲတို့ မိုးကောင်းမြို့ဝန်တို့ အောက်မြစ်စဥ် ခုနစ်ခရိုင် ဝန် တို့လောက်သာ ဘုရင်ခံ ဆန်ဆန် အထက်အမိန့် အသွားအလာကို ကြည့်ပြီး တာဝန်ကျရာ နယ်တွေမှာ ကိုယ်စီ ကြိုးစားထမ်းရွက်ရင်းဖြင့် မြန်မာ့ ပဒေသရာဇ် စနစ်ကြီးရဲ့ နိဂုံးနှစ်များဆီသို့ တရွေ့ရွေ့ဖြင့် ဖြတ်ကျော်လာကြလေသည်တကား.....


for futher expansion. Taung Tan (talk) 18:03, 30 December 2022 (UTC)[reply]

Burma's Duke administration is very very very confusing  :(. Could someone please assist me? Taung Tan (talk) 19:11, 30 December 2022 (UTC)[reply]

Copyedit[edit]

Hello @Hybernator:, greetings,

I've completed the article and expanded it with citations. To achieve perfection or obtain a better version, could you please kindly copyedit the article when you have some free time? I request your assistance because you possess considerable knowledge of the Burmese monarchy. Thanks. 1.47.209.163 (talk) 09:41, 15 January 2024 (UTC)[reply]

I think it's a good start for a much needed article. Thanks for all the hard work. A few comments/suggestions based on what I know, which may or may not be fully accurate:
  • IMHO, any article on Burmese royal administrative systems needs to mention the mandala political model.
  • Myoza wasn't technically a royal title. It was an office held by mostly by members of the royalty. Non-royals definitely held the office. They usually wore the title min, which was a broad term meaning "lord", and didn't automatically signal royalty or confer any hereditary rights. (Whereas the sawbwa typically conferred hereditary rights at least until the 16th century.)
  • The system wasn't static. It evolved with the king (and the court/hluttaw) assuming more and more powers over the dynasties. Myowun, for example, came to the fore starting in the 17th century when the Nyaungyan rulers tried to reduce the power of various myozas. Same with sawbwas. The powers of the office of the sawbwa became reduced over time.
  • There were several grades of myoza and sawbwa. For example, during Bayinnaung's reign, the sawbwas of farther Shan states like the sawbwa of Kengtung had much more rights than those of the sawbwas of the cis-Salween states.
  • Myowuns were not viceroys.
  • For an exhaustive look at the royal administrations, check out Myanma Min Okchokpon Sadan by Pagan U Tin. It's in Burmese, and you should still be able to buy all the volumes in Yangon.
  • You may also check out (Aung-Thwin 1985) for the Pagan era administration, (Lieberman 1984) for Toungoo period administration; and (Lieberman 2003) for the general summary and progression of all the dynastic periods.
  • That's all for now. Hybernator (talk) 06:49, 16 January 2024 (UTC)[reply]